အိပ်မက်နတ်သိုင်းကျမ်း နှင့် လှကလျာ
အခန်း(၁) ဒုက္ခသည် မိန်းကလေး လေတဟူးဟူး တိုက်ခတ်နေသည်။ မိုးကလည်း တဖွဲဖွဲ ရွာသွန်းနေ၏။ တိုက်ခတ်လာသော လေနှင့်အတူ မိုးသီးမိုးပေါက်များက ကြီးမားပြင်းထန်လှသည်။ မိုးသီးမိုးပေါက်များ သစ်ရွက်ပေါ်သို့ ကြွေကျသည့် အသံသည် တဖောက်ဖောက်နှင့် ကျယ်လောင်လှ၏။ လေကကြမ်းကြမ်းတိုက်လေ မိုးသီးမိုးပေါက်များက ပြင်းထန်လေဖြစ်သည်။ ထိုအချိန်တွင် လူတစ်ယောက်သည် တစ်စုံတစ်ခုကို ကျောတွင်ပိုး၍ မိုးထဲရေထဲ၌ သွားလာလှုပ်ရှားနေလေသည်။ ထူးခြားချက်မှာ ထိုသူသည် ယောကျာ်းရင့်မာကြီးတစ်ဦး … Read More









